ခိုလမ် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များ၊ စျေးနှင့် လူစည်ကားရာနေရာများများတွင် ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဝေယံဖြိုး၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ မိဘပြည်သူများအနေဖြင့် လျှပ်စစ်မီးဘေးအန္တရာယ်ကြောင့် မိမိတို့၏ ပစ္စည်းဥစ္စာများ ပျက်ဆီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် မိမိတို့၏အိမ်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှု၊ မီးခလုတ်များ ကောင်းမွန်ခြင်း ရှိ/မရှိ၊ စျေးများတွင် စျေးသူ/သားများအနေဖြင့် စျေးပိတ်ချိန် မိမိတို့ဆိုင်ခန်းများ၏ မီးခလုတ်များကို ပိတ်သိမ်းရန်၊ မြို့ပေါ်ရပ်ကွက်များတွင် လမ်းပေါ်သို့ကျနေသော လျှပ်စစ်ကြိုးများတွေ့ရှိပါက ပြည်သူများအနေဖြင့် အမြန်ဆုံးအကြောင်းကြားစေရန်၊ လျှပ်စစ်အသိ လျှပ်စစ်သတိဖြင့် သုံးစွဲခြင်းကြောင့် လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)