နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိတပေါင်းကွင်းအတွင်း ၂၀၂၄ ခုနစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များမှ အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်း ထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက် ရိုးရာအစားအစာများ ပြသရောင်းချခြင်းပွဲတော်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များမှ ထုတ်ကုန်များ၊ ရိုးရာအစားအစာများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်းမှ ထုတ်ကုန်ပစ္စည်းများနှင့် အစားအစာများအား ပြခန်းများ၊ အရောင်းဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ညနေ ၆ နာရီတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)