မန္တလေးပညာရေးဒီဂရီကောလိပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ကျင်းပ

ချမ်းအးသာစံ ဖေဖော်ဝါရီ ၁၄

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်၊ အားကစားကွင်းတွင် ယမန်နေ့နံနက် ၉ နာရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထမနဲထိုးပွဲသို့ ပညာရအုးဒီဂရီ‌ကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်သီတာမိုးနှင့် ဆရာ၊ ဆရာမများ၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၀၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

ပြိုင်ပွဲတွင် အသင်းအလိုက် ပြိုင်ပွဲအဖွဲ့ ၅ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒိုင်အဖွဲ့ဝင်များ၏ အကဲဖြတ်အမှတ်ပေးချက်များနှင့်အညီ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ အနော်ရထာအသင်း၊ ဒုတိယဆုရ ဗန္ဓုလအသင်း၊ တတိယဆုရ ကျန်စစ်သားအသင်း၊ နှစ်သိမ့်ဆုရ ဘုရင့်နောင်အသင်းနှင့် အလောင်းဘုရားအသင်းကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်