လယ်ဝေး ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်၉ နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့သည်။
စာမေးပွဲဖြေဆိုရာတွင် Grade-4၊ 5၊ 7၊ 8၊ 10၊ 11၊ 12 များပါဝင်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ဇီဝဗေဒ၊ ဘောဂဗေဒနှင့် လူမှုရေးသိပ္ပံ ဘာသာရပ်များကို ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်သည်။ Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)