တပ်ကုန်း ဖေဖော်ဝါရီ ၁၄
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်၄၀နှစ်ကျော် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ၁၂ရက်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၂)၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများ တက်ရောက်ကြသည်။
အဆိုပါ ဗိုလ်လုပြိုင်ပွဲတွင် မြဝတီရပ်ကွက်အသင်းနှင့်ဗိုလ်မင်းရောင်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်သင်းစလုံး သရေကျခဲ့ပြီး၊ ပင်နတီကန်သွင်းဂိုးဖြင့် ဗိုလ်မင်းရောင်ရပ်ကွက်အသင်းက အနိုင်ရရှိခဲ့ပြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရဦးနှင့် ဌာနဆိုင်ရာများက တတိယ၊ ဒုတိယဆုရရှိသည့် ဘောလုံးအားကစားသမားအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းက ပထမဆုရရှိသည့် ဘောလုံးအားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပြီး၊ အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၈ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ အသက်၄၀နှစ်ကျော် အမျိုးသားဘောလုံးအသင်း ငါးသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်