လားရှိုး၊ ဖေဖော်ဝါရီ ၁၂
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် လားရှိုးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် (လားရှိုး) သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်(လားရှိုး)သို့ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလေ့လာခဲ့ကြကြောင်း သိရသည်။
ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် (လားရှိုး) တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အကြောင်း မိတ်ဆက်ပြခန်း၊ ရှမ်းယဉ်ကျေးမှုပြခန်း၊ မုန်းဝန်း(ခ)ဗမာယဉ်ကျေးမှုပြခန်း၊ မြောင်ဇီး (မှုန့်) ပြခန်း၊ လားဟူယဉ်ကျေးမှုပြခန်း၊ လီဆူယဉ်ကျေးမှုပြခန်း၊ တအာင်း (ပလောင်) ယဉ်ကျေးမှုပြခန်း၊ “ဝ” ယဉ်ကျေးမှုပြခန်း၊ ကိုးကန့်ယဉ်ကျေးမှုပြခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )