အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်​မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမ်း ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးနှင့်ဆယ်ကျော် သက်အရွယ်လူငယ်များ စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ ကျောင်း သားကျောင်းသူ လူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံဖြိုးတိုးတက်စေရန် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့သန်းကြွယ်သဌေးကြီးလီကာရှင်းရဲ့ မှတ်မှတ်သားသားစကားများမှ လူတိုင်းလျှောက်လှမ်းရမည့် လမ်းနှစ်လမ်းမှ လျှောက်ကိုလျှောက်ရမည့်လမ်းနှင့် ကိုယ်လျှောက်ချင်တဲ့လမ်း အကြောင်းအရာများနှင့် စာရေးဆရာ ပီမိုးနင်း ရေးသားသည့် ဘာကြောင့် စာဖတ်သလဲ ဆောင်းပါး၊ စာရေးဆရာ မြင့်လှိုင်စိုး ရေးသားသည့် စာအုပ်စာပေ ထဲက အကျင့်နှင့်စာရိတ္တ၊ စာရေးဆရာ ထက်မြက် ရေးသားသည့် စာဖတ်ခြင်းအကျိုး ဆောင်ပါးပါ အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး စာပေမြတ်နိုးသူ မောင်မိုးစက်၊ မောင်ဝိုင်းမောင် မသဇင်လှိုင် မချိုချိုလှိုင်၊ မသန္တာဖြိုး၊ မတင်တင်မိုးတို့က ဘာကြောင့် စာဖတ်သလဲ၊ စာအုပ်စာပေထဲက အကျင့်နှင့်စာရိတ္တ၊ စာဖတ်ခြင်း အကျိုးဆောင်းပါးပါ အကြောင်းအရာများအား ဖတ်ကြားပြီး သိရှိလိုသည်များ မေးမြန်းကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းက ဖြေကြားဆွေးနွေး‌ခဲ့သည်။

ထို့နောက် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိ ဦးစန်းဝင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ရှင်းလင်းပြောကြားခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)