မိုးကုတ် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfizer (Original Strain) ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီက ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပြီး မြို့နယ်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာရန်နိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Pfizer (Original Strain) ထိုးနှံမည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ထပ်ဆောင်းကာကွယ်ဆေး Pfizer (Original Strain) ထိုးနှံပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)