တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တက်မြောက်မှု  စစ်ဆေးခြင်း စာမေးပွဲများ ဖြေဆိုလျက်ရှိ

တံတားဦး ဖေဖော်ဝါရီ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (Grade-4) မှ (Grade- 11) အထိ မူလတန်းအဆင့် (Grade-4) အတန်းအား တစ်ရက်လျှင် နှစ်ဘာသာဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး အလယ်တနးအဆင့်၊ အထက်တန်းအဆင့်များကို စစ်ရက်ကို တစ်ရက် လျှင် တစ်ဘာသာဖြင့် ဖေဖော်ဝါရီ (၁၃) ရက်မှ (၂၀)ရက်နေ့အထိ စစ်သွေားမည်ဖြစ်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ/မများက  အနီးကပ် ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(Grade-5) နှင့် (Grade-9) အခန်းဆုံးစစ်ဆေးခြင်းကို ခရိုင်အမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာမေးပွဲ‌ဖြေဆိုခြင်းကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ သီးခြားဖြေဆိုရမည်ဖြစ်ကြောင်း၊ တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်းပေါင်း (၁၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၉) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့် ပြန်/ဆက်)