တံတားဦး ဖေဖော်ဝါရီ ၁၃
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဂျပန်နိုင်ငံထုတ် Pfizer Original Strain ဒုတိယသုတ် ထိုးနှံခြင်းကို ယနေ့ နံနက် (၁၀) နာရီက တံတားဦးမြို့ သံဃာ့ဆေးကုသဆောင်၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများကို ဂျပန်နိုင်ငံထုတ် Pfizer Original Strain ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ရှင်ဝန်ထမ်းက လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ကြပြီး ပုံမှတ်အနေအထား ရောက်ရှိမှသာလျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး မိနစ်(၃၀)ခန့် အနားယူခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ယနေ့ထိုးနှံပေးသော ဂျပန်နိုင်ငံထုတ် Pfizer Original Strain ကာကွယ်ဆေးမှာ ဆေးတစ်လုံးလျှင် လူခုနှစ်ဦး ထိုးနှံပေးလျက်ရှိကြောင်း၊ အဆိုပါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် ပြည်သူများ၊ အသက်(၅၀)နှစ်အထက် နာတာရှည်ရောဂါ ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ ၊ အသက်(၁၈)နှစ်အထက် နာတာရှည်ရောဂါ ခံစားနေသူများကို ပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို နံနက်(၉)နာရီမှ နေ့လည်(၁၂)အထိ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက ပြောပြ၍ သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)