မဟာအောင်မြေ ဖေဖော်ဝါရီ ၁၃
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-4 ၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများအား အတန်းတင် စာမေးပွဲများကို (ပထမနေ့) အဖြစ် မြန်မာစာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများကိုလည်း အောင်ပန်းဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိသည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းသား/သူများမှာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူခဲ့ကြပြီး ယနေ့နံနက်ပိုင်းက အတန်းတင်စာမေးပွဲ (ပထမနေ့)အဖြစ် မြန်မာစာဘာသာရပ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများကိုလည်း အောင်ပန်းဝင် စာမေးပွဲများအား ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ အဆိုပါ စာမေးပွဲဖြေဆိုနေမှုကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် တာဝန်ရှိ ဆရာ၊ဆရာမများက ကြပ်မတ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲ ဖြေဆိုရက်များကို ဖေဖော်ဝါရီ (၁၃) ရက်နေ့မှ ( ၂၀)ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများကိုလည်း ဖေဖော်ဝါရီ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း