တန့်ယန်းမြို့နယ်တွင် ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား ဌာနဆိုင်ရာများ စုပေါင်း၍ ဆွမ်းဆက်ကပ်လှူဒါန်း

တန့်ယန်း ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလစာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များအား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတွင် တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မာဌာန စရိယဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း) ထံမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူ၍ လှူဒါန်းဖွယ်ရာများနှင့် နေ့ဆွမ်းကို ဆက်လက်လှူဒါန်းခဲ့ကြောင်းနှင့် စာမေးပွဲတွင် မြို့နယ်အတွင်းရှိ သံဃာအပါး (၇၂၂) ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)