ရေး နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရန်အောင်သီရိခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးနှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေး ကအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဝါဝါချိုက ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များအား ရှင်းလင်း ပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်များက ကြိုတင်မဲပေးရာတွင် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ် ဆောင်နေမှုအခြအနေများ၊ မဲရုံတွင်မဲပေးသူများနှင့် မသက်ဆိုင်သူများ ပါဝင်ဆောင်ရွက်နေမှု၊ သတင်း မှတ်တမ်းရယူခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြလာမှုအပေါ် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)