ဥတ္တရသီရိ နိုဝင်ဘာ ၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ မဲရုံများနှင့် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဥတ္တရသီရိမြို့နယ် အနေဖြင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုတွင် မဲရုံစုစုပေါင်း (၄၉) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူဦးရေ (၅၆၀၀၀) ကျော်ရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်ကို (ပြန်/ဆက်)