မိုင်းဖြတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများ၊ မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်မိုးနှင့် တာဝန်ရှိသူများက နမ့်ကုန်းအုပ်စု၊ ပါဆန်းကျေးရွာ အ.လ.က(ပါဆန်း)တွင် အသက်(၆၀)နှစ် အထက် သက်ကြီးဘိုး/ဘွားများ ကြိုတင်ဆန္ဒမဲ ပေးနေမှု အခြေအနေ များ၊ နမ့်နမ်းအုပ်စု၊ နမ့်နန်းကျေးရွာအမက(နမ့်နန်း)တွင် (၆၀)နှစ် အထက် သက်ကြီးဘိုး/ဘွားများ ကြိုတင်ဆန္ဒမဲ ပေးနေမှုအခြေအနေများကို မဲရုံပြင်ပမှနေ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွံမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ (၈)ရက် နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရဦ အထက(မိုင်းဖြတ်)တွင် ပြုလုပ်မည့် စျေးတန်းမဲရုံနှင့် အထက(ဟိုနား)တွင်ပြုလုပ်မည့် ဟိုနားမဲရုံများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားသည်။
မိုင်းဖြတ် မြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးသူ စုစုပေါင်း ၁၀၇၃ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)