စဉ့်ကိုင် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (အဝေးသင်သင်တန်း) ဒုတိယကြိမ် မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆက်လက် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြန်မာ့ဆိုင်းဝိုင်းတူရိယာအဖွဲ့က "အမျိုးသားသီချင်း" ဖြင့် တီမှုတ်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက ပညာရေးအဖွဲ့မှ ထောက်ခံချက်ပေးပြီးသော ဘွဲ့များကို အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆိုမှုများ၌ တက္ကသိုလ်ကျောင်းထွက်များနှင့် သင့်လျော်ထိုက်တန်စွာ ပြုမူပြောဆိုခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် မွန်မြတ်သော ပညာရှာမှီးမှုကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ထိန်းသိမ်းဆောင်ရွက်ရန်၊ လူနှင့်လူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းသတ္တိ ရှိသမျှ ဆောင်ရွက်ထိန်းသိမ်း စောင့်ရှောက်ပါမည်လောဆိုသည့် ကတိများ မေးမြန်းရာ ဘွဲ့ရမောင်မယ်များက ကတိသစ္စာပြုခဲ့ကြသည်။
ထို့နောက်ဘွဲ့နှင်းသဘင်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ရီရီဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြန်မာစာ၊ ပထဝီဝင်၊ ဒဿနိက၊ ဓာတုဗေဒ၊ သတ္တဗေဒ ဘာသာရပ်ဆိုင်ရာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ သိပ္ပံဘွဲ့ရရှိသူ (၂၉၂၇)ဦးနှင့် အဝေးရောက်ဘွဲ့ရရှိသူ အဝေးရောက်ဘွဲ့ယူသူ (၁၈၈)ဦးတို့အား ဘွဲ့များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ သည်။
အခမ်းအနားသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ကချုပ် ဒေါက်တာ ရီရီဦး၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ မိဘများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)