ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံဦးသန်ဌေးနှင့် နမ့်ခမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

နမ့်ခမ်း နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည် နယ်(မြောက်ပိုင်း) တာဝန်ခံဦးသန်ဌေးက နမ့်ခမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကို ယမန်နေ့ မွန်လွဲ ()နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးက (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်းရေးကို သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ ရပ်ကျေးစာရေးများပူးပေါင်းဆောင်ရွက်သွားရန်၊ ရွေးကောက်ပွဲကျင်းသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ (Facility Quarantine Centre)မှ ကျန်းမာရေးစောင့်ကြည့်ခံရသူများ မဲပေးနိုင်ရေး နှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဘက်မလိုက်ဘဲတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်စေရေး အလေးအနက်ဆောင်ရွက်သွားရန်  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းတင်က နမ့်ခမ်းမြို့အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ရုံးဆောက်လုပ်နိုင်ရေးအချက်အလက်များရှင်းလင်းတင်ပြပြီး မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကြည်နိုင်က မဲရုံများနှင့် မဲလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနဲ့ မဲရုံများတွင် လိုအပ်သည့်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲတွင် တက်ရောက်လာသော မူဆယ်ခရိုင်နှင့် နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များနှင့် သိရှိလိုသည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံဦးသန်းဌေးက ပေါင်းစပ်ညှိနှိုင်းပေးလျက်ရှိ ကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)