လားရှိုးမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၁၂

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ပေးပို့သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အတွင်းရေးမှူး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမင်းက ဖတ်ကြားသည်။

ထို့နောက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)