မိုးကောင်းမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (ကျောက်တိုင်ဝန်း) ၏ ကျောင်းဆင်းပွဲနှင့် စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပ

မိုးကောင်း ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (ကျောက်တိုင်ဝန်း) ၏ ကျောင်းဆင်းပွဲနှင့် စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက အားလုံးချစ်ခြင်းမေတ္တာပေးပါ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဆရာမကြီး ဒေါ်ခင်မျိုးအေးက ကျောင်းဆင်းပွဲနှင့် ပတ်သက်၍ ပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊‌ ကျောင်းသူများကို ကျောင်းဆင်းလက်မှတ် ပေးအပ်ပြီး အကြီးတန်းကဗျာရွတ်ပြိုင်ပွဲကို “ဂုဏ်ပြုကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းကဗျာရွတ်ပြိုင်ပွဲကို “လွတ်လပ် ရေးနေ့ခေါင်းလောင်းသံ” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြ သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ယောင်ပေစူး၊ ရေခပ်ဆင်းချိန်၊ ပန်းတိုင်၊ မေတ္တာပို့ တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး မူကြိုကျောင်းသူဟောင်း မမြင့်မြင့်မိုးက တစ်နှစ်နွမ်း တစ်နှစ်ဆန်း တေးသီချင်းဖြင့်လည်းကောင်း၊ မနှင်းလေပြေက မြူမှောင်ငွေနှင်း တေးသီချင်းဖြင့် လည်းကောင်း ဖျော်ဖြေကပြကြောင်း သိရသည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသူများကို အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရ သည်။

သန်းလွင်ဦး(ပြန်/ဆက်)