လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှို င်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော အမှတ်(၆)ရပ်ကွက် ကျန်စစ်သားအိမ်ရာ အတွင်း စိန်ပန်းလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီ၌  ခြံဝင်းအတွင်း  ရုံးသစ်ရှေ့၌ ဖဲကြိုးဖြတ်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရပ်ကွက်ရုံးသစ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြု ငွေကျပ်သိန်း (၂၅၀)နှင့် ပြည်သူထည့်ဝင်ငွေကျပ်သိန်း (၁၇၀) စုစုပေါင်းငွေကျပ် သိန်း(၄၂၀)ဖြင့် ဆောက်လုပ်ခဲ့သော (အလျားပေ ၆၀  အနံပေ ၃၀) Steel Structure အုပ်ကာ၊ သွပ်မိုး၊ ကြွေပြားခင်း တစ်ထပ်အဆောက်အဦ ရုံးသစ်ဖြစ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကို၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြည် သာဇော်၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်တို့မှ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသစ်ဖွင့်ပွဲကို မွှေးနံ့သာများဖြင့် ပက်ဖျန်းကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။   

ထို့ပြင်ဖွင့်ပွဲ အခမ်းအနားသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သား အိမ်ရာအတွင်း စိန်ပန်းလမ်းတွင် ဆောက်လုပ်ခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသစ်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာဆယ်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ/မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ပြီး အုန်းထမင်းဖြင့် ဧည့်ခံ၍ ရုံးသစ်ဖွင့်ပွဲအခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)