ကျောက်ဆည် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှမ်း၊ မြေပဲ၊ နေကြာ စသည့် ဆာင်းရာသီ ဆီထွက်သီးနှံများ စိုက်ပျိုးထားရာ (၃၉၀၉၉)ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။
ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် ဆောင်းနှမ်းသီးနှံ(၁၀၃၆၂)ဧက၊ ဆောင်းမြေပဲ (၁၁၅၆)ဧက၊ ဆောင်းနေကြာ (၂၇၅၈၁) စုစုပေါင်းဆီးထွက်သီးနှံ (၃၉၀၉၉)ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးရာတွင် မိုးနှမ်း(၆၇၈၃)ဧက၊ မိုးမြေပဲ(၁၁၅၀)ဧက၊ မိုးနေကြာ(၆၅၆၇)ဧက စုစုပေါင်း (၁၄၅၀၀) ဧက စိုက်ပျိုးခဲ့ ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး ဆီထွက်သီးနှံများ အောင်မြင်ရေးနှင့် အထွက်နှုန်းတိုးပွားရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆီထွက်သီးနှံစိုက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)