ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ၌ ပျက်စီးနေသည့် လူနေအိမ်များအတွက် သွပ်၊ ဝါး၊ ထရံ၊ မျောတိုင်များထောက်ပံ့

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း နှင့် ပျက်စီးနေသော လူနေအိမ်များအတွက်  သွပ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးအောင်နှင့် အဖွဲ့ဝင် ၃ ဦးတို့က ဝဲကြီးကျေးရွာနေ  ပြည်သူများအား သဘာဝဘေး အန္တရာယ်များ မကျရောက်ခင် ကြိုတင်ကာကွယ်နေထိုင်ခြင်းများဆိုင်ရာ အသိပညာများကို ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျေးရွာအတွင်း ဆင်းရဲနွမ်းပါးပြီး ပျက်စီးနေသော အိမ်ထောင်စုများအတွက် သွပ်၊ ဝါး၊ ထရံနှင့် မျောတိုင်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်