ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် ယမန်နေ့နံနက် ၁၁ နာရီက ကျီကုန်းကွက်သစ်ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က ပရိုဂျက်တာဖြင့် သဘာဝဘေး၊ မီးဘေးအန္တရာယ်၊ စသည်တို့ ကျရောက်လာပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဗူး လက်တွေ့အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဟောပြောရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်ခင်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)