မိုင်းယောင်း ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်က ကျင်းပခဲ့ကြသည်။
ထိုသို့ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြရာ မြို့နယ်အားကစားကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမှတ် (၃) ရပ်ကွက်၌ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ကုက္ကိုပင်ကျေးရွာ၌ ဘောလီဘောပြိုင်ပွဲ၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အသီးသီးကျင်းပယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့ပြင် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် မြို့နယ်အားကစားကွင်း၌ အာလူးကောက်၊ စကောရွက်၊ အပ်ချည်ထိုး၊ မုန့်စား၊ ဂုန်နီအိတ်စွပ်၊ ခေါင်းအုံးရိုက်၊ ခြေသုံးချောင်းထောက်စသည့် အားကစားပြိုင်ပွဲများနှင့် တပ်နယ်/တပ်ရင်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော The Youth Star အသင်းနှင့် မြို့နယ်လက်ရွေးစင် အားကစားသမားဟောင်းများနှင့် မြို့မိ၊ မြို့ဖ များပါဝင်သော The Old Star အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)