စဉ့်ကူး ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပါဝင်သည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့တို့က ဆေးပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း ရှိ/မရှိ အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆေးပစ္စည်းများကို ဖြစ်သင့်သည့် ဈေးနှုန်းထက်ပိုမိုရောင်းချမှုမရှိစေရေး ဆေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)