(၇၇)နှစ်မြာက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ  ၁၁

ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများနှင့် ဆောင်းပါးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ဖေဖော်ဝါရီလ(၉)ရက် မွန်းလွဲ (၁)နာရီက အ.ထ.က (၁၄) ပန်းပျိုးတစ်ရာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးလှထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ တွင် ဆုရရှိသူများအား ဆုချီးမြှင့်သည်။ ထို့နောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများမှ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် “ညီညာမှပြည်သာမည်” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသားကျောင်းသူ (၁၃)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “စည်လုံးခြင်းသည်အင်အား” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသား ကျောင်းသူ (၅၅)ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ပြည်ထောင်စုနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်ကျင်းပရာ ကျောင်းသားကျောင်းသူ (၃၈)ဦး၊ အထက်တန်းအဆင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၄)ဦး၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “ညီညာမှပြည်သာမည်” ခေါင်းစဉ်နှင့် “စည်းလုံးခြင်းမှသည် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်များဖြင့် ကျင်းပရာ  ကျောင်းသား ကျောင်းသူ (၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်