“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟိုပန်            နိုဝင်ဘာ        ၁

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်း အစည်းဝေး ကို ယနေ့နံနက် (၁၀) နာရီ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းဝေးတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုင်းရွှေထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်း/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများမှ ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်များ ရရှိသုံးစွဲမှု အခြေအနေ၊ မဲရုံများ ဆောင်ရွက်နေမှုနှင့် သွားရောက် စစ်ဆေးမည့် အခြေအနေ များကို လည်းကောင်း၊ ဟိုပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးမှ မဲပေးချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၏ လုပ်ငန်းလမ်းညွှန် ဆောင်ရွက်နေမှု အခြေအနေ များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကာ အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်၊ မြို့နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဉက္ကဋ္ဌအတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မဲဆန္ဒနယ်(၁)နှင့် (၂) တွင်ရှိ သော မဲရုံ(၄၃)ရုံ တည်ဆောက်မှု အခြေအနေများကို နိုဝင်ဘာလ(၅)ရက်နှင့်(၆)ရက်နေ့များတွင် သွားရောက်စစ်ဆေးမည်ဖြစ်ပြီး လိုအပ်သည်များကို ဖြည့်စွက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)