ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှ ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲက အခြေခံပညာကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ် ကျောင်းသား/ကျောင်းသူများအား အာဟာရပြည့်ပြီး ကျန်းမာသန်စွမ်းစေရန်နှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အတန်းတင်စာမေးပွဲကြီးတွင် အောင်မြင်စွာ ဖြေဆိုနိုင်ရန်ရည်ရွယ်လျက် မြို့မရပ်ကွက် အ.ထ.ကကျောင်းရှိ ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ အ.မ.က (ကဘရန်ခူး) ကျောင်းရှိ ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း အာဟာရဖြည့်အစားအစာ ပေါင်မုန့်၊ကွေကာအုပ်၊ ခေါက်ဆွဲ ခြောက်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ အာဟာရဖြည့်အစားအစာ လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ကလေးငယ်များအား အာဟာရမုန့်များတိုက်ကျွေးခြင်း၊ အာဟာရဖြည့်ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာ/ဆရာမများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်(ပြန်/ဆက်)