မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မန်နေ့ နေ့လယ် (၁:၀၀) နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက ကျောင်းသား ၊ကျောင်းသူများအား လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့်ဗဟုသုတနှင့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောခဲ့ပြီး စာရေးဆရာမ မေ (ရန်ကုန်) က လူငယ်နှင့်ဖုန်းသုံးစွဲခြင်းဖြင့် ရရှိလာမည့် အကောင်းအဆိုးများအကြောင်းနှင့် စာရေးဆရာမ ရွှေယဉ်နု (ပညာရေး) က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် ပညာရေး၏ အရေးပါပုံများကို အကျယ်တဝင့်ဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ရေခြိုးခြံချွေတာရေးအသိပညာပေး နံရံကပ်စာ‌စောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ လျှပ်စစ်သုံးစွဲမှု ခြိုးခြံချွေတာရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ‌စောင်များကို ကျောင်းသား၊ ကျောင်းသားသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)