ရပ်စောက် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကာယ) ဒေါ်အမာကြူက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက ပြိုင်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက “မောင်ထည်ဝါ (ပျော်ဘွယ်)” ရေးသားထားသော “တို့ပြည်ထောင်စု” ကဗျာနှင့် “အောင်မြင့်စိုး(ရေစကြို)” ရေးသားထားသော “ပင်လုံစိတ်ဓာတ်အခြေပြု ဒါတို့ပြည်ထောင်စု” စသည့်ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပြီး အဆိုပါပြိုင်အပွဲသို့ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)