ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုစာအုပ်စာစောင်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကျင်းပ

ဗန်းမော်        ဖေဖော်ဝါရီ         ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို သိရှိတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲဓာတ်ပုံပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါပြပွဲများဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုသိရှိပြီး တန်ဖိုးထားတတ်စေရန် ၊ မိမိနိုင်ငံကိုချစ်မြတ်နိုးတတ်စေရန် ယခုလို ပြပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး တက်ရောက်လာသည့် အောင်ကိုယ်ပိုင် အထက်တန်းကျောင်းမှအလယ်တန်းအဆင့်(Grade-7)(Grade-8) ကျောင်းသားကျောင်းသူ(၄၀)ခန့်က  ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် International Private School မှ KG နှင့် မူလတန်းကျောင်းသား ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးပြီး ဆုရရှိသူများကို ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်