လှည်းကူး ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး(GW-11မျိုး) စိုက်ပျိုးထားသည့် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံခြင်းနှင့် စပါးအထွက်နှုန်းတိုးစေရေး ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေး ကွင်းဆင်းကြည့်ရှုစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်တခြမ်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဒေါ်ဥမ္မာမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့်တာဝန်ရှိသူများ
တို့က ညောင်တခြမ်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး(GW-11မျိုး) စိုက်ပျိုးထားသည့် သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးထားသည့် စပါးခင်းများသို့ ကွင်းဆင်းကြည့်ရှု၍ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်