ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို၊ ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် သမိုင်းဝင်မှတ်တမ်းများ၊ ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများပါဝင်ပြသထားသည့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြရာ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူတို့က လိုက်လံရှင်းလင်းပြသည်ကြသည်။ ယင်းနောက် ကျောင်းသားကလေးငယ်များ စာပေဖတ်ရှုလေ့လာမှု စွမ်းရည်နှင့်ပတ်သက်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)