(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးလုပ်ငန်း ဆောင်ရွက်

နောင်တရား ဖေဖော်ဝါရီလ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နန်းပုလင်းကျေးရွာအုပ်စု အ.လ.က (ထီရီး) ကျောင်းနှင့် နောင်ပီကျေးရွာအုပ်စု အ.ထ.က (လွယ်ဘောင်း) ကျောင်းတို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးတင့်က အ.ထ.က (လွယ်ဘောင်း) ကျောင်းတွင် ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြစ် လည်းကောင်း၊ ဓာတ်ပုံ-၂ ဦးခွန်အောင်ဟန်က အ.လ.က (ထီရီး) ကျောင်းတွင် ပြည်ထောင်စုအဓိဌာန် ခေါင်းစဉ်ဖြစ်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်တွက် (၇၇) နှစ်မြောက် ပြည်ထောင်စု့နေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ပြသခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် (၇၇) ခုနှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)