လှည်းကူး ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ကျေးရွာ ရတနာအောင်မြေ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် DCP 3kg မီးသတ်ဆေးဘူးများ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရတနာအောင်မြေ ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးလုံခြုံရေး စစ်ဆေးပြီး ရတနာအောင်မြေ ဘုန်းတော်ကြီးကျောင်းတိုက် ဦးစီးပဓာန နယကဆရာတော် ဒေါက်တာ အရှင်အဂ္ဂဇေယျထံသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးက DCP 3kg မီးသတ်ဆေးဘူး (၁၀) ဘူး၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး သာဓုအနုမောဓနာ တရားများ နာကြားခဲ့သည်။
ထို့နောက် လှည်းကူးမြို့နယ် (၁၁) မိုင် အမြန်လမ်းနယ်မြေ မီးသတ်စခန်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တစ်အိမ်ထောင်လျှင် ဆန် (၅) ပြည်၊ ဆီ (၅၀) သား၊ ကြက်ဥ (၁၀) လုံး၊ ကြက်သွန်နီ (၁) ပိဿာ၊ အာလူး (၁) ပိဿာ၊ ဆား (၁) ထုပ်နှင့် ထောက်ပံ့ငွေအသီးသီးတို့ကို အိမ်ထောင်စု (၉) စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)