ဝိုင်းမော် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် "ပြည်ထောင်စုနေ့တို့မမေ့" စာစီစာကုံးခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ပါက ပြည်ပမှကျူးကျော်ဝင်ရောက်မှုရန် ကင်းဝေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးတို့အား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ စာစီစာကုံးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်သူများအား အမှတ်တရ ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ပြီး ဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်ပြပွဲ၊ နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားမူမှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအသိပညာပေးနှင့် လူကုန်ကူးမူအသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လေ့လာမှတ်သား ကြည့်ရှုခဲ့သည်။
ဖြူစင်(ပြန်/ဆက်)