ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနက သာသနိကအဆောက်အဦများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ(၁)နာရီက မြတ်ရတနာဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဌေးဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် သန္ဓေ/အရန် မီးသတ် တပ်ဖွဲ့များသည် မြို့သစ် (၂) ရပ်ကွက်၊ ၁၀၉ လမ်း၊ ၆၆ လမ်း ၆၈ လမ်းကြားရှိ မြတ်ရတနာ ကျောင်းတိုက် မီးဘေးလုံခြုံရေးအတွက် အဆောက်အဦများတွင် မီးဘေးလုံခြုံရေးနှင့် မီးသတ် ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများ စစ်ဆေးခြင်း နှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကွက်များအတွင်းရှိ အိမ်နှင့်ဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံဆော်သြခြင်း၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ချမ်းမြေ့