ကလော ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ဝါးရုံပင်ကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝါးရုံပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအဖြစ် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူး တို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက်၊ မူးယစ်ဆေးဝါး အန္တရာယ်၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိ ပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)