နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်အရောင်းပြခန်းနှင့် ရိုးရာအစားအစာပြခန်းများ ခင်းကျင်းပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင်  နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်အရောင်းပြခန်းနှင့် ရိုးရာအစား အစာအရောင်းပြခန်းများ ခင်းကျင်းပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထွက်ရှိသည့် MSME ထုတ်ကုန်များခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစား အစာများ ခင်းကျင်းရောင်းချပွဲကို နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ MSME တန်ဖိုးမြင့် ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များ အပါအဝင် One Region One Product ထုတ်ကုန်များနှင့် ဒေသထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင် များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်ရရှိရေးအတွက် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသား လုပ်ငန်းရှင်များ တွေ့ဆုံ၍ သတင်းအချက်အလက်များ ဖလှယ်ရယူနိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ် နိုင်ရေး ဆောင်ရွက်ရန်၊ အမျိုးဂုဏ်ဇာတိဂုဏ် တိုးတက်မြင့်မားစေရေးကို အထောက်အကူဖြစ်စေပြီး သက်ဆိုင်ရာ ဒေသအလိုက် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်သည့် ဒေသထွက်ရိုးရာ လက်မှုပညာ ပစ္စည်းများကိုလည်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန်၊ တိုင်းဒေကြီးနှင့် ပြည်နယ် များမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ဒေသထွက်ရိုးရာ အစားအစာများကို ပြည်ထောင်စု၏ အနှစ်သာရ ပြည့်စုံစွာဖြင့် တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန် အတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြပွဲ၌ ဝန်ကြီးဌာန အရောင်းပြခန်း နှစ်ခန်း၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှ MSME ထုတ်ကုန်အရောင်းပြခန်း ၃၀ ခန်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ထုတ်ကုန် ပြခန်း တစ်ခန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ထုတ်ကုန်ပြခန်းတစ်ခန်း စုစုပေါင်း MSME ထုတ်ကုန်အရောင်းပြခန်း ၃၄ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ရိုးရာအစားအစာပြခန်း ၁၉ ခန်းတို့ဖြင့် ခင်းကျင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)