ညောင်ရွှေ ဖေဖော်ဝါရီ ၁၀
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဦးစီးအရာရှိဦးနေမျိုးသူရိန်က ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများက ဆေးရောင်ခြယ်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ဦးစီးအရာရှိက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေးနှင့် စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရေးအကြောင်းအရာများကို မြို့နယ်ဦးစီးအရာရှိက ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ