မိုင်းခတ်မြို့(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ လူငယ်အသင်း(Youth Club)မှ စာဖတ်ဝိုင်းပြုလုပ်

မိုင်းခတ် ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများလူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြု လုပ်ရခြင်းရည်ရွယ်ချက်အ‌ကြောင်းရှင်းလင်းပြောကြားပြီး စာကြည့်တိုက်မှူးဒေါ်နန်းခင်ညွန့်က စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းရှင်းလင်းပြောကြားကာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများလူငယ်အသင်း(Youth Club)အဖွဲ့မှ အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများက စာ‌ရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် "လူငယ်လမ်းညွှန်"စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာလူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးနှင့်ပရဟိတလုပ်ငန်းများစသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)