ပင်လုံ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းပျိုးလက်ကိုယ်ပိုင်အလယ်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်အိမြတ်နိုးသူက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား လူငယ်များအားနေ့ထူးနေ့မြတ်များကို အစဥ်သတိရစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တောင်တန်းပြည်မ မခွဲခြား တစ်သားထဲအမြဲရှ်ိနေသည့် တိုင်းရင်းသားများအားလုံး၏စည်းလုံးညီညွတ်မှုများကို သိရှိနားလည်စေရန်နှင့်မျိုးချစ်စိတ်ဓာတ်များ အမြဲရှင်သန်နေစေရန်အတွက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အဆိုးအကောင်း၊ အကျိုးအကြောင်းဝေဖန်ပိုင်းခြားတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရှိစေနိုင်ကြောင်းကို စာဖတ်ခြင်းဥပမာခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။
ထို့နောက် ညီညွတ်မှုဖြင့်ရှေ့သို့ချီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ၊ ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက် ၁၂-၂-၂၀၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါအယ်ဒီတာ့အာဘော်မှကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၉၄၆ ရက်နေ့တွင်ကျင်းပသော ဖဆပလပြည်လုံးကျွတ်ညီလာခံသဘင်ကြီးသို့ တင်သွင်းသည့်ညီညွတ်ရေးအဆိုမှကောက်နုတ်ချက်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ပြည်ထောင်စုဖွားသွေးချင်းများကဗျာ၊ ကာတွန်း၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ပြည်ထောင်စုသားသွေးချင်းများ တွဲထားလက်များခိုင်စေသားစသည့် အကြောင်းအရာများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)