လားရှိုး ဖေဖော်ဝါရီ ၁၀
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးမြို့နယ်အတွင်းရှိ လားရှိုးပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဉ်ပါ) အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က လားရှိုူးမြို့ ပြည်ထောင်စုအားကစားကွင်းရှိ မိုးလုံ လေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “ရဲဘော်တို့အနေနဲ့ သင်တန်းကသင်ကြားပေးတဲ့ စစ်ပညာတွေကို လက်တွေ့နယ်ပယ်မှာအသုံးပြုပြီး တစ်ဦးချင်းသော်လည်းကောင်း၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့လိုက်သော်လည်းကောင်း၊ စည်းကမ်းနှင့် အညီ နေထိုင်ကျင့်ကြံပြီး တပ်မတော်က ယုံကြည်အားကိုးရတဲ့ အမာခံအင်အားတစ်ရပ် ဖြစ်လာ စေရန်၊ နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း၊ တစ်နိုင်ငံလုံးကိုသော်လည်းကောင်း ကျူးကျော် ထိပါးလာနိုင်သည့် ပြည်တွင်း/ပြည်ပရန်များကို တပ်မတော်နှင့် အတူ ပူးပေါင်းကာကွယ်နိုင်စေရန်” ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
သင်တန်းတွင် လက်နက်ငယ်အကောင်းဆုံးဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ စံပြသင်တန်းသား ဆုရရှိ သူများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးမှ ပေးအပ်ခဲ့သည်။ ယင်းနောက် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးက သင်တန်းသားများကို လက်နက်တပ်ဆင် အပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်သူ့စစ်(ဌာနေ) အဖွဲ့များသို့ ယူနီဖောင်းများ၊ စားသောက်ဖွယ်ရာများ၊ အနွေးဝတ်စုံ များကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဒေသခံ ပြည်သူ ၁၀၉ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
တစ်ဆက်တည်းမှာပင် လားရှိုးမြို့လုံခြုံရေးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေးတာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်