ညောင်ဦးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံ ၍ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများမှဆု ရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်နိုင်ရေးတို့အား အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း