ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဒဂုံမြောက် ဖေဖော်ဝါရီ ၉ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုနေ့အဓိကအရေးပါမှုများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လူငယ်များအနေဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားသင့်ပုံများကို ဟောပြောခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နံရံကပ်စာ‌စောင်၊ စာအုပ်ပြပွဲများခင်းကျင်းပြသခဲ့ပြီး သတင်စကားလက်ကမ်း စာစောင်များဝေငှခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ