တာမွေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တာမွေ      ဖေဖော်ဝါရီ      ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ (၁၆၄)လမ်းရှိ တိုက်အမှတ်(၁၂)မြေညီထပ် ထပ်ခိုးတွင် ယနေ့နံနက်(၁၁)နာရီ (၃၅)မိနစ်အချိန်က  လေအေးပေးစက်နှင့် သွယ်တန်းထားသော မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၁၁)နာရီ(၄၁)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ငါးသောင်းထိရှိကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ အခန်းပိုင်ရှင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)