ကျေးရွာမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောလက်တွေ့သရုပ်ပြသပွဲ သန်လျင်၌ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၉

သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကရင်ဆိပ်ကျေးရွာ ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ယင်းကျေးရွာရှိ စာကြည့်တိုက်ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ စခန်းမှူးဦးရဲလင်းထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောသည်။ ထို့နောက် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကို မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာပြည်သူများအား ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ထွေးနှင့်တာဝန်ရှိသူများ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)