ဟိုပင် ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟိုပင်မြို့ အခြေခံပညာမူလတန်း (အနောက်မြောက်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ “စာဖတ်ရှိန်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ယူဆောင် လာသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းများမှ ရေးသားထုတ်ဝေသည့် အသိ ပညာပေး ရုပ်ပုံပြ ပုံပြင်၊ ကဗျာစာအုပ်များ၊ တေဇရုပ်စုံစာအုပ်များ ခင်းကျင်းပြသဖတ်ရှုစေခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေး အကြောင်းအရာများနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာ များပါ နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင် စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကျောင်းသား/ ကျောင်းသူများ အား စာဖတ်သည် အလေ့အထများရှိစေရေးနှင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်စေရန် အတွက် ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြိုတင်ရှောင်ရှားကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
မိုးသန္တာဦး(ပြန်/ဆက်)