ပုဇွန်တောင် ဖေဖော်ဝါရီ ၉
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်သီရိခိုင်က ယနေ့ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ ကောင်းမွန်သည့် သမိုင်းအစဥ်အလာကောင်းများကို သိရှိလေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံသမိုင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဟောပြောပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသူ/ ကျောင်းသားလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်