မဟာအောင်မြေမြို့နယ် အမှတ်(၂၄)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၉

 

ရှေးဦးစွာ  အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းကကျေးဇူးတင်စကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီဝင်းသူက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီးနောက် စာ​ရေးဆရာကြီး လွတ်လပ်ငြိမ်းက(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည်များပြောကြားရာတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရခြင်းအကြောင်း၊ မသိတာတွေရှိရင် နှုတ်တစ်ရာ စာတစ်လုံးဆိုသည်အတိုင်း စာအုပ်ထဲတွင်မှတ်သားထားသင့်ကြောင်း၊ ကျောင်းနေတုန်းကျောင်းစာအပြင် ပြင်ပဗဟုသုတတွေလည်း မှတ်သားနာယူသင့်ကြောင်း၊  နိုင်ငံတော်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော နိုင်ငံခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားတွေကို အမြဲအမှတ်ရစေပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တွေကို အမြဲမွေးမြူးပြီး အချင်းချင်းစည်းလုံးညီညွတ်သော စိတ်ဓာတ်ဖြင့် အမြဲအတူ နေထိုင်သွားလိုသောဆန္ဒတွေ ရှိသင့်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ခြင်းကိုပြသကြောင်း၊ အချင်းချင်းရိုင်းပင်းကူညီတတ်သောစိတ်ဓာတ်တွေ ရှိသင့်ကြောင်း စသည်များအား အကျယ်တဝင့် ပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြပြီး အဆိုပါ ဟောပြောပွဲကို အမှတ်(၂၄)အ.ထ.ကကျောင်း ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ စာရေးဆရာကြီး လွတ်လပ်ငြိမ်းနှင့် ဒုတိယဦးစီးမှူး ဦးညီဝင်းသူနှင့် ဝန်ထမ်းများ စုစုပေါင်း(၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း